LG ၊ HTC ၊ Samsung ၊ Xperia ၊ oppo ၊ acer စတဲ့ Brand တွေကို စုံစုံလင်လင်ရရှိစေနိုင်မယ့် SLN Mobile ဆိုင်သစ်ဖွင့်ပွဲ အခမ်းအနားကို ဆိုင်သစ်တည်ရှိရာ အမှတ် ၇၇၅၊ ၁၄ လမ်းနှင့်မဟာဗန္ဓုလလမ်းထောင့်၊ လမ်းမတော်မြို့နယ်မှာ ကျင်းပခဲ့ပါတယ်။ ဆိုင်ဖွင့်ပွဲအနေနဲ့ ရောက်ရှိလာသော ဧည့်သည်များကို အသစ်ထွက်ရှိလာတဲ့ Product များအားရှင်းလင်း ပြသပေးပြီး SLN Mobile ဆိုင်သစ်ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် ကျပ် ၂သိန်းအထက် ဝယ်ယူအားပေးတဲ့ Customer တွေကို 4 GB Memony Card နဲ့ ၂ သိန်းအောက်ဝယ်ယူသူတွေကို 2 GB Memony Card တွေ လက်ဆောင်ပေးခဲ့ပါတယ်။


