News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
Myanmar Development Summit ကျင်းပ
Editorial
August 11, 2014
Local News
News
Top Story
မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ်(UMFCCI)၊ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း (MICPA)နဲ့ ဖရော်ဖက်ရှင်နယ်စာရင်းကိုင်တွေရဲ့ ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ACCA တို့ပူးပေါင်းပြီး Myanmar Development Summit ကို ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်က ရန်ကုန်မြို့၊ PARKROYAL Hotel မှာ ကျင်းပခဲ့ပါတယ်။ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံသူတွေနဲ့ ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံဈေးကွက်ထဲကို ဝင်ရောက်လာဖို့ မျက်စိကျနေကြတဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ စီးပွားရေးလုပ်ငန်း၊ ဘဏ္ဍာရေးစည်းမျဉ်းတွေ၊ အရင်းအနှီးဈေးကွက်တွေနဲ့ပတ်သက်ပြီး နိုင်ငံတကာစံနှုန်းသတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှုရှိဖို့လိုပြီး စီပွားရေးလုပ်ငန်းကြီးထွားမှုအတွက် ပိုမိုကောင်းမွန်တဲ့ အခြေခံအဆောက်အအုံတွေဆောက်ဖို့လိုအပ်ပါတယ်။ အဲဒီအချက်တွေကို အထောက်အကူပြုနိုင်ဖို့ရည်ရွယ်ပြီး Myanmar Development Summit ကို ကျင်းပခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါဆွေးနွေးပွဲမှာဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကတော့ ထွန်းသစ်စဈေးကွက်တွေမှာ စီပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ ကူညီပံ့ပိုးရာမှာ ဘဏ္ဍာရေးနဲ့ စာရင်းကိုင်ပညာရဲ့ အခန်းကဏ္ဍ၊ နိုင်ငံတကာဘဏ္ဍရေး ထုတ်ပြန်ချက်ဆိုင်ရာစံနှုန်းသတ်မှတ်ချက်တွေရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုပေါ် အကျိုးသက်ရောက်မှု၊ ဈေးကွက်အပေါ်ယုံကြည်စိတ်ချရမှုကို မြှင့်တင်ရမှာ စာရင်းစစ်မှုနဲ့ပတ်သက်ပြီး နိုင်ငံတကာစံနှုန်းသတ် မှတ်ချက်တွေရဲ့ အခန်းကဏ္ဍနဲ့ ရေရှည်စဉ်ဆက်မပြတ်တိုးတက်တဲ့ ဈေးကွက်တွေနဲ့ ဘဏ္ဍာရေးစနစ်တွေကို ဖန်တီးခြင်း စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြပါတယ်။
အဆိုပါဆွေးနွေးပွဲမှာ ပြည်ထောင်စုမြန်မာနိုင်ငံစာရင်းစစ်ချုပ် ဦးသိန်းထိုက်၊ MICPA ရဲ့ ဥက္ကဋ္ဌ ဦးကျော်တင်၊ UMFCCI ရဲ့ ဥက္ကဋ္ဌ ဦးဝင်းအောင်၊ ACCA ရဲ့ အမှုဆောင်အရာရှိချုပ် Ms Helen Brand OBE ၊ Mr Reza Ali (Head of Emerging Markets-ASIA, ACCA)၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဘုတ်အဖွဲ့ဝင် ဦးမော်သန်း၊ ဦးကျော်လွင်ဦး(Head of ACCA, Myanmar) ၊ UMFCCI ရဲ့ ဒုဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေး၊ ဒေါ်သက်သက်ခိုင်(Shwe Nan Daw Group)၊ Ms Rebekah Khan(Partner, PwC Singapore)၊ ဒေါက်တာအောင်သူရ(Founder & CEO, Thura Swiss Ltd) ၊ ဒေါက်တာစိန်မောင်(ဥက္ကဋ္ဌ၊ ပထမပုဂ္ဂလိကဘဏ်)၊ ဦးစိုးဝင်း(Managing Director, Myanmar Vigour) ၊ Mr Rajesh Ahuja(Chief Representative – Myanmar, ANZ) စတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါဆွေးနွေးပွဲဟာ မြန်မာနိုင်ငံမှာ ACCA ရဲ့ရုံးခန်းဖွင့်လှစ်မှုအထိမ်းမှတ်အဖြစ်ကျင်းပခဲ့တာဖြစ်ပါတယ်။ ACCA Myanmar ဟာ ကမ္ဘာတစ်ဝန်းမှာ ဖွင့်လှစ်ထားတဲ့ ACCA ရဲ့ ၉၁ ခုမြောက်ရုံးခွဲ ဖြစ်တယ်လို့ သိရပါတယ်။ ACCA ဟာ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလမှာ MICPA နဲ့ သော်လည်းကောင်း၊ ၂၀၁၄ ခုနှစ် မတ်လမှာ UMFCCI နဲ့သော်လည်းကောင်း နားလည်မှုစာချွန်လွှာတွေ အသီးသီးလက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
သဘာဝဘေးအန္တရာယ်အမျိုးမျိုးနဲ့ကြုံတွေ့တဲ့အခါမှာလုပ်ငန်းခွင်တိုင်းပြင်ဆင်ထားသင့်တဲ့အချက် ၃ ချက်နှင့်လုပ်ငန်းခွင်အတွင်း စာရွက်စာတမ်းများနဲ့ လုပ်ဆောင်မှုအစီအစဉ်များကိုဒစ်ဂျစ်တယ်စနစ်သို့ပြောင်းလဲထားနိုင်မယ့် Tools များ
Posted On July 12, 2025, By Editorial
သင့်ကိုယ်သင်ယုံကြည်မှု ပိုတက်စေဖို့ ပျိုးထောင်ရမယ့် အသေးအမွှားအလေ့အကျင့် ၈ ခု
Posted On July 12, 2025, By Editorial
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ ဖေဖော်ဝါရီလ ၈ ရက်မှ ၁၄ ရက်အထိ တစ်ပတ်စာဟောစာတမ်း