Mitsubishi Corportation နဲ့ SPA Group of Companies တို့ပူးပေါင်းပြီးတည်ထောင်တဲ့ MC Elevator (Myanmar)Ltd. (MCEM) ဖွင့်ပွဲအခမ်းအနားကို ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၀ ရက်က ရန်ကုန်မြို့ရှိ Sedona Hotel မှာ ကျင်းပခဲ့ပါတယ်။ Mitsubishi ဟာ ၁၉၃၅ ခုနှစ်ကတည်းက ကမ ္ဘာတစ်ဝန်းနိုင်ငံပေါင်း ၉၀ ကို ဓာတ်လှေကား၊ စက်လှေကားတွေ တင်သွင်းခဲ့ပြီး Mitsubishi ဓာတ်လှေကား၊ စက်လှေကားတွေကို ယခင်က SPA Group ကနေတဆင့် မြန်မာနိုင်ငံကို တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ MCEM က အရောင်းပိုင်း ၊ တပ်ဆင်မှုအပိုင်းနဲ့ ပြင်ဆင်ပြုပြင်ထိန်းသိမ်းမှုအပိုင်းတွေကိုလည်း ဝန်ဆောင်မှုပေးသွားမယ်လို့ သိရပြီး အသေးစိတ်ကို သိချင်ရင်တော့ ၀၉ ၄၂၁၇ ၂၈၆၁၈ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။



