Capital Automotive Limited က မြန်မာပြည်တွင်း တရားဝင်ဖြန့်ချိတဲ့ Jaguar Land Rover မော်တော်ယာဉ် ဝယ်ယူအားပေးသူတွေ အတွက် အစီအစဉ်သစ်မိတ်ဆက်ပွဲကို ၂၀၁၅ ခုနှစ် သြဂုတ်လ ၂၁ ရက်က ရန်ကုန်မြို့၊ပြည်လမ်းရှိ Novotel Hotel မှာ ကျင်းပခဲ့ပါတယ်။ အဖွင့်နှုတ်ဆက်စကားပြောကြားခဲ့တဲ့ Capital Automotive Ltd အုပ်ချုပ်မှု ဒါရိုက်တာ ဦးခင်ထွန်းက မော်တော်ယာဉ် ဝယ်ယူသုံးစွဲသူများကို စိတ်တိုင်းကျ ဝန်ဆောင်မှုပေးသွားမှာ ဖြစ်လို့ ဝယ်ယူသုံးစွဲသူတွေ စိတ်ကျေနပ်မှု ပိုရရှိလာမှာဖြစ်ကြောင်းး ပြောကြားခဲ့ပါတယ်။ ပွဲမှာ Jaguar Land Rover မြန်မာအရောင်းပြခန်းရဲ့ အထွေထွေမန်နေဂျာသစ် Mr John Birch နဲ့လည်း မိတ်ဆက်ပေးခဲ့ပြီး 3 Years Peace of Mind ဆိုတဲ့ ဝန်ဆောင်မှုကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ 3 Years Peace of Mind ဆိုတဲ့ ဝန်ဆောင်မှုဟာ ၃နှစ်စာ အခမဲ့ အပိုပစ္စည်းများ လဲလှယ်ပေးတဲ့အာမခံ ဒါမှမဟုတ် ကီလိုမီတာ ၁ သိန်းအာမခံပေးခြင်းနှင့် လုပ်အားခ၊အင်ဂျင်ဝိုင်၊အပိုပစ္စည်းနဲ့ မှုလထုတ်လုပ်ခဲ့တဲ့ အရည်အသွေးအသွေးအတိုင်း ပြုပြင်ထိန်းသိမ်းခြင်းတွေပါဝင်တဲ့ သုံးနှစ်စာ စက်ပိုင်းဆိုင်ရာ၊လျှပ်စစ်ပစ္စည်းဆိုင်ရာ အခမဲ့ ဝန်ဆောင်မှုတို့ပါဝင်ပါတယ်။ ပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Mr Andrew Patrick ကလည်း ဆယ်စုနှစ်များစွာကတည်းက အောင်မြင်စွာ ရပ်တည်လာခဲ့တဲ့ Jaguar Land Rover ရဲ့ သမိုင်းကြောင်းနဲ့ ပတ်သက်လို့ ပြောကြားခဲ့ပါတယ်။



