GUSTO Institute of Information Technology ကနေပြုလုပ်တဲ့ နိုင်ငံတကာ IT engineer လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် HND Diploma in Computing (UK) စာနယ်ဇင်းရှင်းလင်းပွဲ အခမ်းအနားကို ၂၀၁၄ ခုနှစ် ဇွန်လ ၁၈ ရက်က မြေနီကုန်းမှာရှိတဲ့ GUSTO Institute of Information Technology ကျောင်းမှာ ကျင်းပခဲ့ပါတယ်။ အဲဒီပွဲမှာတော့ GUSTO ရဲ့ကျောင်းအုပ် ဦးဝင်းထိန်ဝင်းက HND Diploma in Computing (UK) အကြောင်းကိုရှင်းပြပြီး Program Leader ဒေါ်အိနှင်းဖြူက ပညာသင်ဆုများအကြောင်းနဲ့ ကျောင်းဝင်ခွင့်အကြောင်းအရာများကို ရှင်းပြကာ တက်ရောက်လာတဲ့ မီဒီယာများရဲ့ မေးခွန်းတွေကို ဖြေကြားပေးခဲ့ပါတယ်။ HND Diploma က (UK) ကနေတိုက်ရိုက်ပေးအပ်တဲ့ Diploma ဖြစ်ပြီး စာသင်နှစ် ၂ နှစ်ကြာမြင့်မှာ ဖြစ်ပါတယ်။ အဲဒါအပြင် တက္ကသိုလ်ဝင်တန်း မအောင်မြင်သေးတဲ့ ကျောင်းသားလူငယ်တွေ အတွက်လည်း UK ကနေ ပေးအပ်တဲ့ QCF Level 3 အဆင့်ရှိတဲ့ National Diploma in Computing (UK) ကိုလည်း တက်ရောက်နိုင်နေပြီဖြစ်တယ်လို့ သိရပါတယ်။


