News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
၂၄ ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးဖွင့်ပွဲ
Editorial
May 12, 2014
Asean News
Local News
News
Top Story
မြန်မာနိုင်ငံကအာဆီယံဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီးကျင်းပတဲ့ ၂၄ ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ၂၀၁၄ ခုနှစ်၊ မေလ ၁၁ ရက်က နေပြည်တော်ရှိ MICC-I ၊ ကျောက်စိမ်းခန်းမမှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို အာဆီယံသီချင်းသီဆိုခြင်းဖြင့်စတင်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါတယ်။ နိုင်ငံတော်သမ္မတက မိန့်ခွန်းပြောကြား ရာမှာ မြန်မာနိုင်ငံအနေနဲ့ အာဆီယံဥက္ကဋ္ဌအဖြစ်တာဝန်ယူစဉ်အတွင်း ဦးစားပေးဆောင်ရွက်မယ့် လုပ်ငန်းတွေကို အဆိုပြုပြောကြားခဲ့ပါတယ်။ ပထမအချက်အနေနဲ့ အာဆီယံဒေသတွင်း ကောင်းမွန်တဲ့စီမံခန့်ခွဲမှုစနစ်များဖြစ်ပေါ်အောင် မြှင့်တင်ဆောင်ရွက်ရေး၊ ရွှေ့ပြောင်းအလုပ်သမားများအခွင့်အရေးကို ကာကွယ်စောင့်ရှောက်တဲ့ သဘောတူစာချုပ်အပြီးသတ်ရေးဆွဲနိုင်ရေး၊ အာဆီယံဆက်သွယ်ပေါင်းစည်းရေး မဟာစီမံချက်ကို အောင်မြင်စွာ အကောင်အ ထည်ဖော်နိုင်ရေး စတဲ့အစီအစဉ်တွေကို ဆောင်ရွက်ပြီး အာဆီယံအသိုက်ဝန်း လမ်းပြမြေပုံပါ မပြီးသေးတဲ့ လုပ်ငန်းတွေကို အရှိအဟုန်မြှင့် အကောင်အထည်ဖော်ဖို့ အဆိုပြုခဲ့ပါတယ်။ ဒုတိယအချက်အနေနဲ့ အာဆီယံနိုင်ငံတွေဟာ စီးပွားရေးပိုမိုတောင့်တင်းပြီး ပိုမိုမျှတတဲ့ ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်နိုင်ဖို့ အာဆီယံဒေ တွင်းက ကုန်ထုတ်စွမ်းအား၊ ယှဉ်ပြိုင်နိုင်စွမ်း၊ တီထွင်မှုများမြှင့်တင်ခြင်း၊ အသေးစားနဲ့ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးနဲ့ လမ်းပြမြေပုံမှာ ဖော်ပြထားတဲ့အတိုင်း ဖွံ့ဖြိုးရေးရန်ပုံငွေထူထောင်နိုင်ရေးတို့ကို ဆောင်ရွက်ဖို့ အဆိုပြုခဲ့ပါတယ်။ တတိယအချက်အနေနဲ့ အာဆီယံအနေနဲ့ ဒေသတွင်းနဲ့နိုင်ငံတာကိစ္စရပ်တွေမှာ သက်ဆိုင်တဲ့သူတွေနဲ့ ပိုမိုပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပိုမိုပါဝင်သွားကြဖို့ဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုကိစ္စ၊ သဘာဝဘေးစီမံရေးကိစ္စ၊ သမားရိုးကျနဲ့ သမားရိုးကျမဟုတ်တဲ့ လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုတွေနဲ့ ဒေသအတွက်အရေးပါတဲ့ အခြား ကိစ္စရပ်တွေအပေါ် စုပေါင်းဖြေရှင်းဖို့ အဆိုပြုတိုက်တွန်းခဲ့ပါတယ်။ စတုတ္ထအချက်အနေနဲ့ ဆင်ရဲမှုလျှော့ချရေး၊ လူမှုဖူလုံရေးကွန်ယက်ခိုင်မာစေရေး၊ အာဆီယံသွင်ပြင်လက္ခဏာဖော်ဆောင်ရေး၊ သဟဇာတဖြစ်တဲ့ လူမှုအသိုက်အဝန်း ထူထောင်ရေး၊ ဒေသဖွံ့ဖြိုးမှုရလဒ်တွေကိုမျှဝေရာမှာ အများပါဝင်နိုင်စေရေးတို့ကို နှစ်ဆတိုးဆောင်ရွက်ကြဖို့ အဆိုပြုခဲ့ပါတယ်။ အာဆီယံအနေနဲ့ ရာသီဥတုပြောင်းလဲမှုကို တုန့်ပြန်မယ့်ကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတက အဆိုပြုချက် ၃ ချက်ကို တင်ပြခဲ့ပါတယ်။ ပထမအချက်အနေနဲ့ အာဆီယံနိုင်ငံတွေဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့ပေးမယ့် AHA ဌာနကို ထူထောင်ထားပေမဲ့ ထိရောက်စွာ မတုန့်ပြန်နိုင်သေးကြောင်း၊ ဒါကြောင့် သဘာဝဘေးအန္တရာယ် ကျရောက်ရင် လျှင်လျှင်မြန်မြန်တုန့်ပြန်နိုင်ဖို့အတွက် အာဆီယံနိုင်ငံတွေအနေနဲ့ အရေးပေါ်ရန်ပုံငွေတစ်ရပ်ထူထောင်ပြီး လျှင်မြန်စွာတုန့်ပြန်နိုင်တဲ့ အကူအညီပေးမှုစနစ်ကို ထူထောင်စေလိုကြောင်း၊ အချိန်တိုအတွင်း ဘေးအန္တရာယ် ကယ်ဆယ်ရေး ကျွမ်းကျင်သူတွေ၊ ယာဉ်ပစ္စည်းကိရိယာတွေကို စုစည်းအသုံးချနိုင်တဲ့စနစ်၊ ပိုမိုကောင်းမွန်တဲ့ကြိုတင်သတိပေးမှုစနစ် စတာတွေကို စုစည်းတည်ထောင်ဖို့လိုကြောင်း ပြောကြားခဲ့ပါတယ်။ ရာသီဥတုပြောင်းလဲမှုဒဏ်ကိုခံနိုင်တဲ့ လယ်ယာထွက်ကုန်များထုတ်လုပ်နိုင်ရန်အတွက် အာဆီယံနိုင်ငံတွေမှာ သုတေသနဌာနတွေကို ထူထောင်ထားရှိပြီး အတွေ့အကြုံကောင်းတွေ ဖလှယ်ခြင်းကို ဆောင်ရွက်ဖို့ နိုင်ငံတော်သမ္မတက ဒုတိယအချက်အနေနဲ့ အဆိုပြုခဲ့ပါတယ်။ တတိယအချက်အနေနဲ့ ရာသီဥ တုပြောင်းလဲမှုဒဏ်လျော့နည်းစေဖို့အတွက် စုပေါင်းဖြေရှင်းဖို့လိုကြောင်းအဆိုပြုခဲ့ပြီး နည်လမ်းတစ်ခုအနေနဲ့ ပင်လယ်ကမ်းခြေဒေသတွေမှာ ဒီရေတောတွေထူထောင် မှုကို စနစ်တက စီမံကိန်းချမှတ်ပြီး ဆောင်ရွက်ဖို့လိုကြောင်း၊ အဆိုပါဆောင်ရွက်မှုဟာ ဖန်လုံအိမ်အာနိသင်ကို ဖြစ်ပေါ်စေတဲ့ ဓာတ်ငွေ့များလျှော့ချမှုကို အထောက်အကူပြုမှာဖြစ်သလို ပင်လယ်ကမ်းခြေနဲ့နီးတဲ့ မြေနိမ့်ဒေသတွေမှာ မုန်တိုင်းကျရောက်မှုဒဏ်ကို လျော့နည်းစေမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ နိုင်ငံတော်သမ္မတမိန့်ခွန်းပြောကြားအပြီးမှာ အာဆီယံခေါင်းဆောင်တွေကို စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကူးခြင်း၊ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံအာဆီယံဥက္ကဋ္ဌ အထိမ်းအမှတ်ဗီဒီယိုပြသခြင်း၊ အာဆီယံဥက္ကဋ္ဌဂုဏ်ပြုသီချင်းနဲ့ ယဉ်ကျေးမှုဖျော်ဖြေတင်ဆက်ခြင်းတို့ပြုလုပ်ခဲ့ပြီး အခမ်းအနား ရုပ်သိမ်းခဲ့ပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
သဘာဝဘေးအန္တရာယ်အမျိုးမျိုးနဲ့ကြုံတွေ့တဲ့အခါမှာလုပ်ငန်းခွင်တိုင်းပြင်ဆင်ထားသင့်တဲ့အချက် ၃ ချက်နှင့်လုပ်ငန်းခွင်အတွင်း စာရွက်စာတမ်းများနဲ့ လုပ်ဆောင်မှုအစီအစဉ်များကိုဒစ်ဂျစ်တယ်စနစ်သို့ပြောင်းလဲထားနိုင်မယ့် Tools များ
Posted On July 12, 2025, By Editorial
သင့်ကိုယ်သင်ယုံကြည်မှု ပိုတက်စေဖို့ ပျိုးထောင်ရမယ့် အသေးအမွှားအလေ့အကျင့် ၈ ခု
Posted On July 12, 2025, By Editorial
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ ဖေဖော်ဝါရီလ ၈ ရက်မှ ၁၄ ရက်အထိ တစ်ပတ်စာဟောစာတမ်း