News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
ဒုတိယအကြိမ် မလေးရှားထုတ်ကုန်ပစ္စည်းများနဲ့ ဝန်ဆောင်မှုဆိုင်ရာပြပွဲ ၂၀၁၄
Editorial
October 30, 2014
Article
Feature
Interview
၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်ကနေ ၄ ရက်မှာ မလေးရှားနိုင်ငံ ပြည်ပကုန်သွယ်မှု ဖွံ့ဖြိုးမှုအဖွဲ့ (MATRADE) က မလေးရှားကုန်စည်နဲ့ဝန်ဆောင်မှုပြပွဲ (MSE) ကိုပြုလုပ်ခဲ့ပါတယ်။ ရန်ကုန်မြို့၊ တပ်မတော်ခန်းမမှာ ကျင်းပခဲ့တဲ့ပွဲမှာ မလေးရှား အိုင်တီနည်းပညာ၊ အိမ်သုံးပစ္စည်း၊ အလှကုန်ပစ္စည်း၊ စားသောက်ကုန် အစရှိတဲ့ မလေးရှား ကုမ္ပဏီပေါင်း ၇၀ ကျော်က သူတို့ရဲ့ ဝန်ဆောင်မှုတွေနဲ့ ကုန်ပစ္စည်းတွေကို လာရောက်ပြသခဲ့ကြပါတယ်။ ဒါအပြင်ပွဲမှာ မြန်မာနဲ့မလေးရှား စီးပွားရေးကုမ္ပဏီလုပ်ငန်းရှင်တွေဟာ ဆွေးနွေးပွဲပေါင်းများစွာကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။ ပွဲမှာ ဝင်ရောက်ပြသခဲ့တဲ့ မလေးရှား ကုမ္ပဏီတွေထဲကအချို့ကို မေးမြန်းဖြစ်ခဲ့ ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
Nick Fitness Manager EGO nutritions Sdn Bhd nick@agonutritions.com ကျွန်တော်တို့ကုမ္ပဏီဟာ Body Building နဲ့ဆိုင်တဲ့ အားဆေးတွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီ က အားကစားသမားတွေအတွက် လိုအပ်တဲ့ Energy တွေကိုပေးတဲ့ အားဆေးတွေကို ထုတ်လုပ်ပါတယ်။ ကျွန်တော်တို့ရဲ့ ကုန်ပစ္စည်း တွေကို ကမ္ဘာပေါ်မှာရှိတဲ့ လူတွေအားလုံး အသုံးပြုနိုင်အောင် ဟာလာစနစ်ကို အသုံး ပြုထားပါတယ်။ ကျွန်တော်တို့က ကုန် ပစ္စည်းတွေကို အမေရိကန်၊ အာရှက ဂျပန်ကုန် ပစ္စည်းတွေကို အသုံးပြုပြီး မလေးရှားနိုင်ငံ မှာထုတ်လုပ်ထားတာဖြစ်ပါတယ်။ မြန်မာပြည်ဟာ စီးပွား ရေးအခွင့်အလမ်းကောင်းတွေနဲ့ အားကစားကို ဝါသနာပါတဲ့ သူတွေအများကြီးရှိနေတဲ့အတွက် ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ အခွင့်အလမ်းတွေ အများကြီးရှိနေတယ်လို့ မြင်ပါတယ်။
Ron Lee Marketing Manager VG Sofa Sdn Bhd www.vgsofa.com ကျွန်တော်တို့ ကုမ္ပဏီဟာ ဆိုဖာတွေကို ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ကုန်ပစ္စည်းတွေဟာ အရှေ့ တောင်အာရှမှာ ကျယ်ကျယ်ပြန့်ပြန့်ကို သုံးစွဲနေကြပြီး အောင်မြင်မှုလည်း ရရှိထား ပါတယ်။ မြန်မာနိုင်ငံမှာလည်း ကျွန်တော် တို့ဟာ Net Ray ကုမ္ပဏီ ချိတ်ဆက်ထားပါ တယ်။ ကျွန်တော်တို့ကုမ္ပဏီအနေနဲ့ ဒီပွဲကို လာရောက်ပြသရတဲ့ အဓိက ရည်ရွယ်ချက် ကတော့ ကျွန်တော်တို့ရဲ့ ကုန်ပစ္စည်းတွေကိုပိုမိုလူသိများလာဖို့နဲ့ ပိုမို အသုံးပြုလာ စေဖို့ ရည်ရွယ်ထားပါတယ်။
Mr Rizal Rashid Director Rizcafe Sdn Bhd rizcafesales@gmail.com ကျွန်တော်နာမည်က Rizal Rashid ဖြစ်ပါ တယ်။ ကျွန်တော်တို့ ကုမ္ပဏီကို မလေး ရှားနိုင်ငံ၊ ပီနင်းပြည်နယ်၊ ဘိုကေမှာအခြေ စိုက်တည်ထောင်ထားပါတယ်။ ကျွန်တော် တို့က Capachino နဲ့ White ကော်ဖီကို အဓိက တင်ပို့ ရောင်းချပါတယ်။ ကျွန်တော်တို့ကော်ဖီမှာ ပါဝင်ပစ္စည်း ငါးမျိုးပါဝင်ပါတယ်။ ဒါတွေက ကော်ဖီရယ်၊ သကြားရယ်၊ ခရမ်မာ၊ ကိုကိုးနဲ့ ဂွါရာနိုတို့ဖြစ်ပါတယ်။ ကျွန်တော်တို့ ကော်ဖီဟာ Caffine ဓာတ်ကိုလည်း လျော့ပြီး ထုတ်လုပ် ထားတဲ့အတွက် Caffine ဓာတ်များများပါတာကို မကြိုက် တဲ့သူတွေအတွက် တော်တော်ကောင်းပါ တယ်။ ဒါကြောင့် ကျွန်တော်တို့ ကော်ဖီ သောက်ရင် ရင်တုန်တာတွေ မဖြစ်ပါဘူး။ ကျွန်တော်တို့က မနှစ်ကလည်း မြန်မာပြည် မှာ ဈေးကွက်ချဲ့ထွင်ဖို့အတွက် လာရောက် ပြသခဲ့ပါတယ်။ မြန်မာနိုင်ငံဈေးကွက်ဟာ အခွင့်အလမ်းသစ်တွေ အများကြီးရှိနေပါ တယ်။ ကျွန်တော်တို့ရဲ့ကုမ္ပဏီကထုတ်တဲ့ ကော်ဖီကို အာရှနိုင်ငံတွေအပြင် အာရပ်နိုင် ငံတွေနဲ့ ဥရောပနိုင်ငံတွေကိုလည်း တင်သွင်း ဖြန့်ချိထားတာရှိပါတယ်။ ကျွန်တော်တို့က အကောင်းဆုံးဝန်ဆောင်မှုတွေ၊ အကောင်း ဆုံးကုန်စည်တွေနဲ့ ဝန်ဆောင်မှုတွေကို ပေးသွားမှာပါ။ ကျွန်တော်တို့ရဲ့ ကော်ဖီက Riz ကော်ဖီနဲ့ Capachino ဖြစ်ပါတယ်။
Mr Sim Poh Chuan Programing Programer ABS Software International Sdn Bhd kenspc@abssoftware.com.my ကျွန်တော်တို့ ကုမ္ပဏီဟာ Application တွေ၊ Website တွေ၊ Software တွေရေး တဲ့ကုမ္ပဏီဖြစ်ပါတယ်။ အဓိကအနေနဲ့ Com- puter Lock System Software တွေ ကိုရေးပါတယ်။ နောက်ပြီး ကျွန်တော်တို့ရဲ့ Customer တွေမှာတဲ့ Software တွေကိုလည်း ရေးပါ တယ်။ ကျွန်တော်တို့ ကုမ္ပဏီကို လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က စတင်တည် ထောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲကို တတ်ရောက်ဖြစ်တာ ကတော့ ကျွန်တော်တို့ရဲ့ Service ကို မြန်မာနိုင်ငံမှာ ပေးသွားချင်တာရယ်၊ မြန်မာ နိုင်ငံက ပြည်တွင်းကုမ္ပဏီတွေနဲ့ ပူးပေါင်း ချင်တာရယ်ကြောင့် ဖြစ်ပါတယ်။
Sissi Yew Marketing Manager Bodibasixs Manufacturing Sdn Bhd www.bodibasixs.com ကျွန်မတို့ ကုမ္ပဏီကို ၁၉၉၅ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး အဓိကအနေနဲ့ အ လှကုန်ပစ္စည်းတွေကို ထုတ်လုပ်ပါတယ်။ ကျွန်မတို့ ကုမ္ပဏီဟာ Customer တွေရဲ့ လိုအပ်ချက်တွေ၊ တောင်းဆိုချက်တွေနဲ့အညီ ကုန်ပစ္စည်း အသစ်တွေကို ထုတ်လုပ်ပါတယ်။ ကျွန်မတို့က ကလေးသုံး ပစ္စည်းတွေကို အဓိကထုတ်လုပ်ပါတယ်။ မနှစ်ကလည်း မလေးရှားကုန်စည်ပြပွဲမှာ လာရောက်ပြသ ခဲ့ပြီး မြန်မာနိုင်ငံမှာ ကျွန်မတို့ရဲ့ Customer နှစ်ဦးရရှိထားပြီးပြီ ဖြစ်ပါတယ်။ နောက်ပြီး ကျွန်မတို့ကုမ္ပဏီဟာ အရှေ့အ လယ်ပိုင်းဒေသတွေနဲ့ အာရှမှာဈေးကွက် တွေရှိပါတယ်။ မြန်မာနိုင်ငံဈေးကွက်ဟာ တကယ်ကို အခွင့်အလမ်းတွေ အများကြီး ရှိတဲ့ဈေးကွက်ဖြစ်ပါတယ်။ ကျွန်မတို့အနေ နဲ့ မြန်မာနိုင်ငံဈေးကွက်မှာ ဒီထက်ပိုပြီး အောင်မြင်မှုတွေ ရရှိဖို့မျော်လင့်ထားပါတယ်။
Mr Jimmy Ong Quality Consulant LYL Coatings Sdn Bhd www.lyl.com.my ကျွန်တော်နာမည်က Jimmy Ong ဖြစ်ပါ တယ်။ ကျွန်တော်တို့ကုမ္ပဏီဟာ မလေးရှား နိုင်ငံ Johor ပြည်နယ်၊ Muar မြို့မှာရှိပါ တယ်။ ကျွန်တော်တို့က အဓိကအနေနဲ့ ပရိ ဘောဂသုတ်ဆေးတွေကိုရောင်းပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီကို လွန်ခဲ့တဲ့ဆယ့်လေးနှစ်က စတင် တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့မှာ အဓိက ကုန်ပစ္စည်းလေးမျိုးလောက်ရှိပါတယ်။ နောက်ပြီး ကျွန်တော် တို့ရဲ့ ကုမ္ပဏီရဲ့ ကုန်ပစ္စည်းတွေကို လက်ရှိမှာ ဘင်္ဂလား ဒေ့ရှ်၊ ဒူဘိုင်း၊ အိန္ဒိယ၊ ဆော်ဒီအာရေဗီး ယားနဲ့ အာဖရိကနိုင်ငံတွေကို တင်ပို့ရောင်း ချနေပါတယ်။မြန်မာနိုင်ငံမှာတော့ ပထမဦး ဆုံးအနေနဲ့ ဈေးကွက် လာရောက်ရှာဖွေတာ ပဲဖြစ်ပါတယ်။ ကျွန်တော်က မြန်မာနိုင်ငံ ဟာ ဈေးကွက်အသစ်တစ်ခုဖြစ်ပြီး တစ်ဖက် ပွင့် စီးပွားရေးစနစ်ကို ကျင့်သုံးတယ်လို့ မြင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့တော့ မြန်မာပြည်မှာ ပြည်တွင်းက ကိုယ်စားလှယ် ရချင်ပါတယ်။ ကျွန်တော်တို့ရဲ့ ကိုယ်စားလှယ်ကို နည်းပညာအကူအညီတွေ၊ လက်တွေ့ သရုပ်ပြတာတွေနဲ့ ဒီမှာအောင်မြင်ဖို့အတွက်ကို တတ်နိုင်သမျ အကူအညီပေးသွားမှာပါ။
Dr Denming Ho Chief Executive Officer SQV Consulting Group ceo@sqvconsultant.com ကျွန်တော်တို့ ကုမ္ပဏီဟာ မလေးရှားမှာတော့ အကြီးဆုံး အကြံပေးကုမ္ပဏီ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီဟာ မလေးရှားမှာ Franchise စီးပွားရေးနဲ့ပတ်သက်ပြီး အများ ဆုံး အကြံဉာဏ်တွေပေးပါတယ်။ လက်ရှိ မှာတော့ ကျွန်တော်တို့ရဲ့ ကုမ္ပဏီရုံးချုပ်က ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားမှာ ရှိပါတယ်။ နောက်ပြီး ကျွန်တော်တို့က အမေရိကန်နဲ့လည်း လုပ်ငန်းစပ်တူလုပ် ထားတာရှိပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီ ဟာ အဓိကအနေနဲ့ နိုင်ငံဖြတ်ကျော် ရင်းနှီး မြှပ်နှံမှုတွေကို ပြုလုပ်ပါတယ်။ တခြား စီးပွားရေးကုမ္ပဏီတွေ ရင်းနှီးမြုပ်နှံမှုတွေ ပြုလုပ်ချင်တယ်ဆိုရင် ကျွန်တော်တို့ကနည်း ပညာနဲ့ အကြံပေးတာတွေလည်း ပြုလုပ် ပေးပါတယ်။ မြန်မာနိုင်ငံဈေးကွက်ဟာ ကျွန်တော်အမြင်မှာတော့ တဖြည်းဖြည်းနဲ့ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားမှာလို အောင်မြင်လာနေပါပြီ။
အယ်ဒီတာအဖွဲ့
Facebook
Twitter
LinkedIn
RELATED POSTS
ငွေ ၊ စာရင်းအင်းနှင့် အင်တာနက်တို့၏ သုံးပွင့်ဆိုင်လားရာ
Posted On October 19, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
လူငယ်ခေါင်းဆောင်များအတွက် ခေါင်းဆောင်မှုဆိုင်ရာထိပ်တန်းအကြံပြုချက်များ
Posted On August 30, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ ဖေဖော်ဝါရီလ ၈ ရက်မှ ၁၄ ရက်အထိ တစ်ပတ်စာဟောစာတမ်း