Dagon Exhibitions ကကြီးမှုးပြီးတော့ Job Seeker မှ Co Organizer အဖြစ် တာဝန်ယူကာပြသတဲ့ ဒုတိယအကြိမ်မြောက် Education & Career 2014 ပြပွဲကို ၂၀၁၄ ခုနှစ် ဇွန်လ၂၀ ရက်နေ့က ရန်ကုန်မြို့ရှိ တပ်မတော်ခန်းမမှာ ကျင်းပခဲ့ပါတယ်။ ပြပွဲကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်ဆွေနဲ့အတူ တာဝန်ရှိသူများက ဖဲကြိူးဖြတ်ကာ ဖွင့်လှစ်ပေးခဲ့ပါတယ်။ ပွဲမှာ မြန်မာနိုင်ငံရဲ့ ပညာရေးနဲ့ အလုပ်အကိုင်ဖွံ့ဖြိုးမှု့အတွက် အထောက်အကူပြုတဲ့ပြပွဲဖြစ်ပြီး သင်တန်းကျောင်းများ၊ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများ၊ ဝန်ထမ်းလိုအပ်ချက်ရှိနေတဲ့ကုမ္ပဏီများ ဝင်ရောက်ပြသကြပြီး ဇွန်လ ၂၀ ရက်ကနေ ၂၂ ရက်နေ့ထိ ပြသခဲ့တာဖြစ်ပါတယ်။


