SCG အနေနဲ့ မိဘများအား ကျေးဇူးသိတတ်ပြီး သူတို့ရဲ့လူမှုအသိုင်းအဝိုင်းမှာ တက်တြက်ကွကြွပါဝင်လှုပ်ရှားသလို ပညာရေးမှတ်တမ်းကောင်းတွေလည်း ပိုင်ဆိုင်ထားတဲ့ အထက်တန်းကျောင်းသူ/ကျောင်းသား အယောက် နှစ်ရာ ကို SCG Sharing the Dream အစီအစဉ်အောက်မှနေပြီး SCG ၏ ကတိကဝတ် အစိတ်အပိုင်းအဖြစ် ထောက်ပံ့ကြေး ပေးအပ်သွားမယ်လို့သိရပါတယ်။ တတိယအကြိမ်မြောက် ကျင်းပဒီအစီအစဉ်မှာ ပညာသင်ဆုရ ကျောင်းသားတစ်ဦးကို ကျပ် နှစ်သိန်းတစ်သောင်း (အမေရိကန်ဒေါ်လာ ၂၂၀ ဒေါ်လာခန့်) နှုန်းခန့် ရရှိမှာဖြစ်ပြီး ယခင်နှစ်က ကျပ်နှစ်သိန်းစီ ချီးမြှင့်ခဲ့ရာမှ ယခုနှစ်တွင် ပညာသင်ထောက်ပံ့ကြေးတိုးမြှင့်လိုက်ခြင်း ဖြစ်ကြောင်း သိရပါတယ်။ ၂၀၁၃ ခုနှစ်မှာ ရန်ကုန်တိုင်းမှ ကျောင်းသူ/ကျောင်းသား ၁၀၀ ဦး နှင့် မွန်ပြည်နယ်မှ ကျောင်းသူ/ကျောင်းသား ၁၀၀ တို့ကို ပညာသင်ဆု ပေးအပ်ခဲ့ပြီး ယခု ပညာသင်ဆုပေးအပ်ခြင်း တတိယနှစ်အစီအစဉ် အနေနဲ့SCG က ရန်ကုန်တိုင်းဒေသကြီးရှိ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ ကွမ်းခြံကုန်း၊ တွံတေး၊ ဆိပ်ကြီးခနောင်တို နှင့် ကော့မှူး စသည့် မြို့နယ်များနှင့် မွန်ပြည်နယ်ရှိ မော်လမြိုင်၊ ကျိုက်မရော၊ မုဒုံ၊ ပေါင် နှင့် ချောင်းဆံမြို့နယ်များမှ ကျောင်းသူ/ကျောင်းသား များအတွက် ပညာသင်ဆုနှစ် ရာကို ထပ်မံချီးမြှင့်သွားမှာဖြစ်တယ်လို့သိရပါတယ်။ ပညာသင်ဆုပေးအပ်ခြင်း အခမ်းအနားများအား စက်တင်ဘာလမှာ ရန်ကုန်နှင့် မောင်လမြိုင်မြို့တွေကမှာ အသီးသီးကျင်းပသွားမှာဖြစ်ပါတယ်။
SCG Myanmar ရဲ့ Country Director ဖြစ်တဲ့ Mr Chana Poomee က “ကျွန်တော်တို့အနေနဲ့ SCG sharing the Dream အစီအစဉ်ကို မြန်မာနိုင်ငံမှာ တတိယနှစ်အဖြစ် ပြုလုပ်နိုင်တဲ့အတွက်နဲ့ ကျောင်းသား/သူ တို့တတွေရဲ့ အိမ်မက်များ နှင့် အဆင့်မြင့်ပညာရေးကို ဆက်လက်ပံ့ပိုးပေးနိုင်တဲ့အတွက် ဂုဏ်ယူမိပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း SCG Sharing the Dream ရဲ့ ပညာသင်ဆုရရှိခဲ့ကြတဲ့ ကျောင်းသား/သူ များဟာ ဆိုရင် ကျောင်းစာသင်နှစ်များမှာ အောင်မြင်မှုများဆက်လက် ရရှိရန်ကြိုးစားနေတာကိုလည်း တွေ့ရပါတယ်။ ဒီလိုသူတို့တတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာ တစ်ဖက်တစ်လမ်းအနေနဲ့ ပါဝင်ကူညီခွင့်ရတဲ့အတွက် ဝမ်းသာမိ ပါတယ်။ သူတို့ဟာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်မယ့် မောင်းနှင်အားများ ဖြစ်ကြပြီး တောက်ပတဲ့အနာဂတ် ကိုလည်းရရှိပိုင်ဆိုင်နိုင်ဖို့ လည်းမျှော်လင့်ပါတယ်။ SCG ကုမ္ပဏီ အနေနဲ့ SCG Sharing the Dream အစီအစဉ်ကနေ အာဆီယံဒေသတွင်းမှာရှိတဲ့ ကျောင်းသူ/ကျောင်းသားတွေကို တစ်နှစ်ကို ပညာသင်ဆုစုစုပေါင်း ငါးထောင်ကျော်ပေးနေပြီး မြန်မာနိုင်ငံသူ/နိုင်ငံသားတွေရဲ့ လူနေမှုအဆင့်အတန်း မြင့်မားဖို့နဲ့ တိုင်းပြည်ရဲ့ အနာဂတ်ကိုပုံဖော်တဲ့နေရာမှာ အကူအညီပေးနိုင်ဖို့အတွက် ခုလိုကူညီထောက်ပံ့မှုတွေ ပြုလုပ်ရတဲ့အတွက် ဝမ်းမြောက်မိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ရန်ကုန်နဲ့ မွန်ပြည်နယ်တို့တွင် အမြဲတမ်းနေထိုင်တဲ့ ကိုးတန်း (Grade 10) ၊ ဆယ်တန်း (Grade 11) ကျောင်းသူ/ကျောင်းသားများအနေဖြင့် SCG Sharing the Dream ပညာသင်ဆုကို ဇွန်လ ၂၃ ရက်နေ့မှ ဇူလိုင်လ ၁၈ ရက်နေ့အတွင်း လျှောက်ထားနိုင်ကြောင်း၊ လျှောက်ထားတဲ့ ကျောင်းသူ/ကျောင်းသားတွေအနေနဲ့ မိမိတို့၏ သက်ဆိုင်ရာ ကျောင်းရုံးခန်းမှာရရှိနိုင်တဲ့ စစ်တမ်းမေးခွန်းလွှာ ကို ပြည့်စုံ စွာဖြည့်စွက်ပြီး လျှောက်ထားရမှာဖြစ်ကြောင်း၊ ပြည့်စုံစွာဖြည့်စွက်ထားတဲ့ စစ်တမ်းမေးခွန်းလွှာနှင့်အတူ လျှောက်ထားသော ကျောင်းသူ သို့မဟုတ် ကျောင်းသားအနေဖြင့် မိမိ၏ မိဘများအပေါ်တွင် မည်ကဲ့သို့ ကျေးဇူးသိတတ် ကြောင်းနှင့် မိမိ၏အိမ်တွင် မည်ကဲ့သို့ အကူအညီပေးနေမှုအကြောင်းအရာကို ရေးသားထားသော စာပိုဒ်တစ်ပိုဒ် ပါဝင်ရမှာဖြစ်ကြောင်း၊ ပညာသင်ဆုလျှောက် လွှာတင်တဲ့အခါ လျှောက်ထားသူရဲ့ ဓာတ်ပုံတစ်ပုံ၊ ဆက်သွယ်ရမယ့် လိပ်စာအပြည့်အစုံနဲ့ မိမိ ဆရာ သို့အဟုတ် ဆရာမ ရဲ့ ထောက်ခံစာလည်း ထည့်သွင်းလျှောက်ထားရမှာ ဖြစ်ကြောင်း သိရပါတယ်။ SCG ရဲ့အာဆီယံရေရှည်ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်ဖြစ်တဲ့ SCG Sharing the Dream အစီအစဉ်အား မြန်မာ၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယကနမ်၊ ဖိလစ်ပိုင် နဲ့ လာအို အပါအဝင် အာဆီယံနိုင်ငံ များမှ ကျောင်းသူ/ကျောင်းသားပေါင်း ငါးထောင်ကျော်အား ပညာသင်ဆုများ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်းသိရပါတယ်။ ရေရှည်ဖွံ့ဖြိုးတိုးတက်တဲ့ အာဆီယံဦးဆေင်စီးပွားရေးလုပ်ငန်းဖြစ်ရန်၊ ကောင်းမွန်တဲ့ လုပ်ငန်းစီမံခန့်ခွဲမှုနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရဲ့ စံပြလုပ်ငန်းဖြစ်ရန် မျှော်မှန်းချက်တွေနဲ့အတူ SCG ဟာ Sharing the Dream အစီအစဉ်ကို နှစ်စဉ်ပြုလုပ်လျက်ရှိသလို မြန်မာလူထုအတွက် ဘဝအဆင့်အတန်းပိုမိုမြင့်မားလာစေရန် အကူအညီပေးမယ့် တခြား အစီအစဉ်တွေကိုလည်း အကောင်အထည်ဖော်လျက်ရှိတယ်လို့ သိရပါတယ်။



