News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
အလုပ်အကိုင် အခွင့်အလမ်းပြပွဲနှင့် စက်မှုကုန်ထုတ်အထူးဈေးရောင်းပွဲတော်
Editorial
May 9, 2014
Local News
News
Top Story
အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုနဲ့ လှိုင်သာယာစက်မှုဇုံ စီမံခန့်ခွဲရေးကော်မတီကနေ ကြီးမှုးကျင်းပတဲ့ အလုပ်အကိုင် အခွင့်အ လမ်းပြပွဲနဲ့ စက်မှုထုတ်ကုန် အထူးဈေးရောင်းပွဲတော်ကို ၂၀၁၄ ခုနှစ် မေလ ၉ ရက်နေ့က လှိုင်သာယာစက်မှုမြို့ မိုးလုံ၊ လေလုံ အားကစားရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီပွဲကို ရန်ကုန်တိုင်းဒေသကြီး မြို့တော်ဝန် ဦးလှမြင့်၊ စက်မှုနှင့် လျှပ်စစ်ဝန်ကြီး ဦးဉာဏ်ထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားဝန်ကြီး ဦးဇော်အေးမောင်၊ လှိုင်သာယာစက်မှုဇုံ စီမံခန့်ခွဲရေးကော်မတီဥက္ကဌ ဦးမြတ်သင်းအောင် တို့ကဖဲကြိုးဖြတ်ဖွင့်ပြီး အလုပ်သမား အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးအေးမြင့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေတို့က စက်ခလုတ်နှိပ်ကာ ပြပွဲကိုဖွင့်လှစ်ပေးခဲ့ပါတယ်။ အဆိုပါပြပွဲကို မေလ ၉ ရက်နေ့ကနေ ၁၁ ရက်နေ့ထိပြုလုပ် ကျင်းပမယ်လို့သိရပြီး Fame Pharmaceutica ၊ One Tea နို့ဆီ ၊ Rich Coffee ၊ GP Battery ၊ Tokyo Pipe အစရှိသည့် လုပ်ငန်းပေါင်း ၅၀ ခန့်ကနေပြီး ဝင်ရောက်ပြသပြီး ဝန်ထမ်းများကိုလည်း ခေါ်ယူလျှက်ရှိကြောင်း သိရှိရပါတယ်။ ပွဲမှာ အလုပ်လျှောက်လိုသူ များအနေနဲ့ တိုက်ရိုက်လျှောက်လွှာများတင်ပြီး အလုပ်များလျှောက်ထားနိုင်ကြောင်း သိရပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
သဘာဝဘေးအန္တရာယ်အမျိုးမျိုးနဲ့ကြုံတွေ့တဲ့အခါမှာလုပ်ငန်းခွင်တိုင်းပြင်ဆင်ထားသင့်တဲ့အချက် ၃ ချက်နှင့်လုပ်ငန်းခွင်အတွင်း စာရွက်စာတမ်းများနဲ့ လုပ်ဆောင်မှုအစီအစဉ်များကိုဒစ်ဂျစ်တယ်စနစ်သို့ပြောင်းလဲထားနိုင်မယ့် Tools များ
Posted On July 12, 2025, By Editorial
သင့်ကိုယ်သင်ယုံကြည်မှု ပိုတက်စေဖို့ ပျိုးထောင်ရမယ့် အသေးအမွှားအလေ့အကျင့် ၈ ခု
Posted On July 12, 2025, By Editorial
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ ဖေဖော်ဝါရီလ ၈ ရက်မှ ၁၄ ရက်အထိ တစ်ပတ်စာဟောစာတမ်း