လပေါင်းများစွာ နှောင့်နှေးကြန့်ကြာမှုတွေဖြစ်ခဲ့ပြီး အင်ဒိုနီးရှားသမ္မတအတွက် အမေရိကန်ဒေါ်လာ ၉၁ သန်းတန် လေယာဉ်အသစ်အဖြစ်တဲ့ Boeing 737-800 ဟာ ကြာသပတေး(ဧပြီ ၉ )နေ့က ဂျကာတာအရှေ့ခြမ်းမှာရှိတဲ့ Halim Perdanakusuma လေတပ်အခြေစိုက်စခန်းကို ရောက်ရှိလာခဲ့ပါတယ်။ Rebupik Indonesia လို့အ မည်ပေးထားတဲ့ အဲဒီလေယာဉ်အသစ်ကို ပြီးခဲ့တဲ့နှစ် နှစ်ကုန်ခါနီးမှာ ရောက်လာဖို့ စီစဉ်ထားပေမဲ့ အင်ဒိုနီးရှားအစိုးရရဲ့ စိတ်ကြိုက်ဒီဇိုင်းနဲ့ဆောက်ပေး ဖို့တောင်းဆို လာတဲ့အတွက် နှောင့်နှေးခဲ့တာဖြစ်ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနကပေးတဲ့ လက်မှတ်ရပြီးရင်တော့ အဲဒီလေယာဉ်အသစ်ကို တရားဝင်အ သုံးပြုမှာဖြစ်တယ်လို့ သိရပါတယ်။ သမ္မတရဲ့ ခရီးစဉ်တွေအတွက် ဂျက်လေယာဉ်ငှားရမ်းရတဲ့ကုန်ကျစရိတ်ကို လျှော့ချဖို့ရည်ရွယ်ချက်နဲ့အတူ အဲဒီလေယာဉ်ဝယ်ယူဖို့အ တွက် ၂၀၁၀ ပြည့်နှစ်မှာ အင်ဒိုနီးရှားလွှတ်တော်ရဲ့ ခွင့်ပြုချက်ကိုရယူခဲ့တာဖြစ်ပါတယ်။ သမ္မတရဲ့ ပြည်တွင်း၊ ပြည်ပခရီးစဉ်တွေအတွက် ဂျက်လေယာဉ်တွေကို ငှားရမ်းအသုံး မပြုတော့ဘဲ လေယာဉ်အသစ်ကို အသုံးပြုတဲ့အတွက် တစ်နှစ်ကို ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁၀ သန်း လျှော့ချပေးနိုင်မယ်လို့ သိရပါတယ်။
Ref: AP 

